
Source: http://en.wikipedia.org/wiki/Mary_Cassatt
မိခင်မှ သမီးငယ်လေးကို ကိုယ်လက်သန့်စင်ပေးနေတဲ့ပုံလေးဖြစ်ပါတယ်။
အမှန်တော့ ထိုပန်းချီပုံလေးကို တွေ့လျှင်တွေ့ချင်း ဝီကီထဲသွားမွှေဖြစ်သည်မဟုတ်ပါ။ မိမိ၏ မိခင် Gtalk message မှာ Mary Cassatt လို့ရေးထားတာတွေ့လိုက်ပြန်တော့မှ သိလိုစိတ်နဲ့ ရှာဖွေခဲ့ခြင်းဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် လတ်တလောမှာကလဲ လေးဘက်နာ ရောဂါပြင်းထန်နေချိန်ဖြစ်တော့ မိခင်က ကလေးကို ကိုယ်လက်သန့်စင်ပေးနေတဲ့ပုံလေးတွေ့ရတဲ့အခါ မိမိရဲ့ ကိုယ်ပိုင်မိခင်ကို တမ်းတမိတာလဲဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ မိခင်သည်လည်း ထိုပုံလေးကို တွေ့သည့်အခါ ကျန်းမာရေးမကောင်းတဲ့ သမီးလေးကို တွေးတောနေတာ ဖြစ်ပါလိမ့်မယ်။
အဘယ့်ကြောင့်ဆိုသော်... ... သွေးလေးဘက်နာသမားများသည် ခန္ဓာကိုယ်ရှိ အကြောအဆစ်များ နာကျင်မှု ပြင်းထန်နေချိန်တွင် သက်သာစေရန် ရေနွေးစိမ်ပေးရသည်။
အမှန်တော့ မိမိသာ ပန်းချီကောင်းကောင်းဆွဲတတ်မည်ဆိုပါက သမီးဖြစ်သူက မိခင်ကို ခြေလက်ဆေးကြောပေးနေသည့်ပုံကိုသာ ဆွဲချင်ပါသည်။
0 comments:
Post a Comment