(မှတ်ချက်။ ။ ရေးသားဖော်ပြချက်များသည် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှ မှတ်သားချက်များအပေါ် အခြေခံပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု ဘာသာရပ် လေ့လာနေသော ကျောင်းသူကျောင်းသားများအတွက် စာသင်ခန်းတွင်း ဆွေးနွေးရာတွင် အထောက်အကူပြုစေရန် ပြန်လည် မျှဝေဖော်ပြခြင်းဖြစ်ပါသည်။)
မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် -
၁၉၈၉ ဝန်းကျင်လောက်မှာ မဲခေါင်ဒေသထဲမှ CMLV ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို နှင့် ဗီယက်နမ်တို့ရဲ့ စီးပွားရေး အခြေအနေဟာ အတူတူလောက်ပဲရှိပါတယ်။
မြန်မာနိုင်ငံသည် ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ တံခါးဖွင့်စီးပွားရေးဝါဒ စတင်ကျင့်သုံးခဲ့ပါတယ်။ ယခင်က တိုင်းပြည်တွင်းမှာပဲ စီးပွားရေးလုပ်ကိုင်တဲ့ Close Economy ကနေ Open Economy ဖြစ်လာပါတယ်။ Inward looking မှ outward looking ဖြစ်လာတယ်။ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဥပဒေဟာ ၁၉၈၉ မှာ စတင်ပါတယ်။ ထိုဥပဒေက တကယ်တမ်း ၁၉၅၈ လောက်မှာထဲက ရှိခဲ့ပါတယ်။ ဦးနေဝင်းလက်ထက်မှာတော့ မရှိတော့ပါဘူး။
ထိုအချိန်က ချက်ကိုဆလိုဗက်ကီးယား၊ ပိုလန်၊ ရုရှ အစရှိတဲ့ နိုင်ငံတွေကလည်း စီးပွားရေးမူဝါဒတွေ ပြောင်းလဲလာပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြောင်းလဲလာပုံခြင်း မတူပေမယ့် ခြုံကြည့်ရင် Democratization ဘက်ကို အသွင်ကူးပြောင်းလာကြတယ်လို့ ပြောလို့ရပါတယ်။ ထိုနိုင်ငံများကတော့ စီးပွားရေးလွတ်မြောက်မှုကို နိုင်ငံရေးလွတ်မြောက်မှုမှ တစ်ဆင့်သွားပါတယ်။
ဗီယက်နမ်ရဲ့စီးပွားရေးအသွင်ကူးပြောင်းမှုကိုကြည့်လျှင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးစံနစ် စတင်လုပ်လာတာ အတူတူလောက်ရှိပါတယ်။ အုပ်ချုပ်မှုစံနစ်ကတော့ ဗီယက်နမ်က ကွန်မြူနစ်ဖြစ်ပြီး မြန်မာကတော့ စစ်အစိုးရအုပ်ချုပ်မှုပုံစံနှင့် အုပ်ချုပ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်က အနည်းငယ် ပို၍ပျော့ပြောင်းတဲ့သဘောမှာ ရှိပါတယ်။ ဗီယက်နမ်က ပိုပြီးတိုးတက်လာတာလည်း တွေ့ရပါတယ်။ တစ်ဘက်မှာလည်း တရုတ်နဲ့ မွန်ဂိုလီးယားတို့လည်း အပြိုင်းအရိုင်းတက်လာပါတယ်။
၁၉၉၅ မှာ ဗီယက်နမ်က အာဆီယံဝင်ပြီး မြန်မာက ၁၉၉၇ မှာ အာဆီယံထဲပါလာပါတယ်။ အရင်က အောက်ဆုံးနားရှိတဲ့ ဗီယက်နမ်က ၂ဝဝ၅ မှာ အာဆီယံ ၁ဝ နိုင်ငံရဲ့ အဆင့် ၅ နေရာ စီးပွားရေးအင်အား အကောင်းဆုံးနိုင်ငံဖြစ်လာပါတယ်။
မြန်မာနိုင်ငံကတော့ စာရင်းအင်းလည်း ဖော်ပြခြင်းမရှိသည့်အတွက် ၁၉၉၅ မှ ၂ဝဝ၆ အထိ မြန်မာအစိုးရ စာရင်းအင်းအရ ၁၁ နှစ်တာအတွင်းမှာ ပျမ်းမျှ အဆပေါင်း ၁၁ ဆ တိုးတက်လာတယ်လို့ပြောပေမယ့် တရုတ်သည်ပင်လျှင် ၁၉၇၉ မှစပြီး နှစ် ၃ဝ အတွင်း ၈ ရာခိုင်နှုန်းပဲတက်ပါတယ်။ တိုးတက်မှုကို တရုတ်ပြည်က သက်သေပြနိုင်သော်လည်း မြန်မာနိုင်ငံတွင် တိုးတက်မှုက သက်ပြေပြရန်မရှိဖြစ်နေပါတယ်။
လာအိုဟာ ကုန်းတွင်းပိတ်နိုင်ငံ၊ လူဦးရေက ၅ သန်းလောက်ပဲရှိပါတယ်။ ယခုအချိန် စီးပွားရေးဖွင့်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေကို မှီပြီးတော့ တက်လာပါတယ်။ လာအိုရဲ့ တစ်ဦးကျဝင်ငွေ (Per Capita Income) ဟာ မြန်မာနိုင်ငံထက်များကြောင်း အာဆီယံနဲ့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်မှာ တွေ့နိုင်ပါတယ်။
ဒီနေရာမှာ အနီးအနားက Sanction ထိဖူးတာခြင်းတူတဲ့ ဗီယက်နမ်ကို လေ့လာကြည့်လျှင် - ဗီယက်နမ်မှာ ၁၉၈၉ မှာတုန်းက အမေရိကန် Sanction ရှိပါတယ်။ ၁၉၉၄ မှာတော့ Sanction ကလွတ်ပါတယ်။ မြန်မာနိုင်ငံမှာက အဲဒီကာလမှာ Sanction မရှိပါဘူး။ ဒါပေမယ့် ဗီယက်နမ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အဲဒီကာလမှာ မြန်မာနိုင်ငံထက် ၄.၇ ဆများပါတယ်။ ၁၉၉၄ နောက်ပိုင်း Sanction လွတ်သွားတဲ့ ဗီယက်နမ်က Liberalization ဖြစ်လာပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၈၇ လောက်ကစပြီး စီးပွားရေးလွတ်လပ်မှုရှိလာသော်လည်း ၁၉၉၉ မှာ မတည်ငြိမ်တဲ့ Rules and Regulations တွေ Self-restrictions တွေကြောင့် ပြန်ကျသွားပါတယ်။ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယား ကတော့ ပုံမှန်တိုးတက်လာပါတယ်။
နိုင်ငံခြား Sanction ဟာ မြန်မာနိုင်ငံကို ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိလဲဆိုတာ ဆွေးနွေးတိုင်း အငြင်းပွားလေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။ မြန်မာနိုင်ငံကို ၁၉၉၇ မှာ Sanction ရောက်ပါတယ်။
တချို့ကလည်း Sanction က အောက်ခြေလူတန်းစားကို အထိဆုံးဖြစ်တယ်။ တချို့ကလည်း Sanction ကမရှိတာထက်စာရင် ရှိတာ အစိုးရကို အနည်းကျဉ်း ထိခိုက်တယ် တချို့ကလည်း အစိုးရကတော့ ဘယ် Sanction ပဲဖြစ်ဖြစ် မာမာကတော့ မာမာပဲ ဘာမှမထူးဘူး စသည်ဖြင့် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တကယ်တမ်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် (စစ်အစိုးရလုပ်ငန်းရှင်များကို မဆိုလိုပါ) စီးပွားရေးလွတ်လပ်ခွင့် မရှိလှပါဘူး။ နောက်တစ်ချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း တံခါးသာဖွင့်ပေးလိုက်ပါတယ် တည်ငြိမ်မှုမရှိတဲ့ လုပ်ထုံးဥပဒေများကြောင့် အလုပ်မဖြစ်ပါဘူး။ (ရှမ်းအက ကနေသလိုပါပဲ ရှေ့တစ်လှမ်း နောက်နှစ်လှမ်း လှမ်းနေပါတယ်)။ အဓိကကတော့ Trade Sector မှာပါ။ ဒီလိုဆိုတော့ External Sanction ရှိလို့ ထိခိုက်တာ မထိခိုက်တာတစ်ပိုင်း Internal Sanction (self-impose sanction) မိမိစီးပွားရေးကို မိမိဘာသာ ကန့်သတ်ချုပ်ချယ်မှုကြောင့် စီးပွားရေးလှုံ့ဆော်မှု အားနည်းသည်ကတော့ မငြင်းနိုင်ပါ။
သုံးသပ်ကြည့်လျှင် အတွင်း Sanction အပြင် Sanction များကြောင့် အစိုးရနာသည်မထင်။ စီးပွားရေး ဘူဇွာကြီးများ ထိသည်ထားဦးတော့ ဆင်ပိန်ကျွဲမျှသာ။ တိုင်းပြည်စီးပွားရေး မကောင်းသည့်အတွက် အောက်ခြေကို တစ်ရစ်ရစ်ထိုးဆင်းတယ်ဆိုတော့ အလုပ်အကိုင်မဲ့တာတွေ စားသောက်စားရိတ်တက်လာတာတွေကြောင့် တောင်းရမ်းစားသောက်သူတွေများလာမယ်။ အောက်ခြေလူထု ပို၍အထိနာမယ်လို့ ယူဆပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment