Showing posts with label Opinions. Show all posts

Thursday, 27 November 2008
Cats in the cradle
ဒီသီချင်းလေးကတော့ သားအဖတွေအကြောင်း ပြောပြတဲ့ သီချင်လေးပါ။ နားထောင်ရင်း ခံစားရပါတယ်။
ဖခင်ကြီးက အလွန်မှပင် အလုပ်များပြီး သားလေး အတူဆော့ဖို့တောင်းဆိုတိုင်း နေ့ရွှေ့ညရွှေ့ ငြင်းပယ်လေ့ရှိပါတယ်။
အဖေဆိုတာ သားတွေအတွက်တော့ စံနမူနာမဟုတ်လား။ သားလေးပြောလေ့ရှိတာ “သားလည်းတစ်နေ့အဖေ့လိုပဲ” တဲ့။
ဖခင်ကြီး အိုမင်းလာတဲ့အချိန်မှာတော့ သားလေးက ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်မိသားစုနဲ့ အလုပ်များနေပါပြီ။ ဖခင်ကြီးက သားလေးကို လွမ်းလာလို့ တွေ့ချင်တဲ့အကြောင်းပြောတော့ သားလေးရဲ့တုံ့ပြန်မှုက “အချိန်ရရင် တွေ့ချင်ပါတယ် အဖေရယ် ဒါပေမယ့် အလုပ်ကလည်းများ၊ ကျွန်တော့ သားလေးကလည်းဖျားနေတယ်ဆိုတော့ နောက်မှပေါ့ အဖေ”။
“သြော် ငါ့သားက ငါ့လိုပါပဲလား။”
အကျယ်တဝင့်သိလိုလျှင် အောက်ပါသီချင်းစာသားရှုပါ။
ဒီနေရာမှာ မိခင်တစ်ယောက်ကဏ္ဍအနေနဲ့ စဉ်းစားမိတာက သားအဖကြား စေ့ဆော်ရေးပါပဲ။ ကလေးအဖေက ကလေးအတွက် အချိန်မပေးနိုင်လောက်အောင် အလုပ်များပြားနေသော်ငြား သတိပေးဖြောင်းဖြပေးရပါမယ်။
အိမ်ထောင်မပြုမီ အိမ်ထောင်ပြုချင်လို့ ကလေးမွေးတာလား။ ကလေးလိုချင်လို့ အိမ်ထောင်ပြုတာလား။ သေချာ စဉ်းစားရပါမယ်။
ကလေးလိုချင်လို့ အိမ်ထောင်ပြုတယ်ဆိုရင်တော့ ကလေးကိုဘယ်လိုပြုစုမလဲ။ ဘယ်လို မိသားစုဘဝပုံစံ ပေးမလဲ။ ဘယ်လိုအိမ်ထောင်ဘက်မျိုးကို ရွေးရင် ကလေးအတွက် အကောင်းဆုံးဖြစ်မလဲ။ ဒါတွေစဉ်းစားရပါတော့တယ်။
အချို့ယူဆကြသည်မှာ “သားကောင်းက လင်ကောင်းမဖြစ်နိုင်ဘူး”တဲ့။
အမှန်တော့ အမေကိုချစ်တဲ့သားက ဇနီးသားမယားကို ချစ်တတ်ပါတယ်။ မိဘတွေအပေါ် ချစ်ခင် တန်ဘိုးထားတတ်သူက ကိုယ့်သားသမီးကိုလည်း ပိုကြင်နာတတ်ပါတယ်။ ကိုယ့်မောင်နှမသားချင်းကို ခင်တွယ်တတ်သူက သူ့ကိုယ်ပိုင်မိသားစုထဲမှာလည်း သာယာအောင်စွမ်းဆောင်နိုင်ပါတယ်။ ဒါတွေက မိခင်ကြီးဆုံးမဖူးတဲ့စကားတွေပါ။ အိမ်ထောင်ပြုဖို့အတွက် အချက်အလက်တွေ စုဆောင်းရင်တော့ ဝေးဝေးသွားစုဆောင်းစရာမလိုပါဘူး။ သမီးတစ်ယောက်အတွက် ကိုယ့်အမေဆီက သင်ယူတာအကောင်းဆုံးပါပဲ။ နောက် ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့်ဆွေမျိုးသားချင်းတွေရဲ့ မိသားစုဘဝတွေကို လေ့လာလို့ရပါတယ်။ (ကိုယ်ပိုင်အတွေးအမြင်တွေသာ ရေးထားတာဖြစ်ကြောင်း။)
Cats in the cradle
My child arrived just the other day
He came to the world in the usual way
But there were planes to catch and bills to pay
He learned to walk while I was away
And he was talkin' 'fore I knew it, and as he grew
He'd say "I'm gonna be like you dad
You know I'm gonna be like you"
And the cat's in the cradle and the silver spoon
Little boy blue and the man on the moon
When you comin' home dad?
I don't know when, but we'll get together then son
You know we'll have a good time then
My son turned ten just the other day
He said, "Thanks for the ball, Dad, come on let's play
Can you teach me to throw", I said "Not today
I got a lot to do", he said, "That's ok"
And he walked away but his smile never dimmed
And said, "I'm gonna be like him, yeah
You know I'm gonna be like him"
And the cat's in the cradle and the silver spoon
Little boy blue and the man on the moon
When you comin' home son?
I don't know when, but we'll get together then son
You know we'll have a good time then
Well, he came home from college just the other day
So much like a man I just had to say
"Son, I'm proud of you, can you sit for a while?"
He shook his head and said with a smile
"What I'd really like, Dad, is to borrow the car keys
See you later, can I have them please?"
And the cat's in the cradle and the silver spoon
Little boy blue and the man on the moon
When you comin' home son?
I don't know when, but we'll get together then son
You know we'll have a good time then
I've long since retired, my son's moved away
I called him up just the other day
I said, "I'd like to see you if you don't mind"
He said, "I'd love to, Dad, if I can find the time
You see my new job's a hassle and kids have the flu
But it's sure nice talking to you, Dad
It's been sure nice talking to you"
And as I hung up the phone it occurred to me
He'd grown up just like me
My boy was just like me
And the cat's in the cradle and the silver spoon
Little boy blue and the man on the moon
When you comin' home son?
I don't know when, but we'll get together then son
You know we'll have a good time then
Tuesday, 25 November 2008
ဘဝအစီအစဉ်ဇယား
“ငါ ဘာဖြစ်ချင်လဲ… ဘာလုပ်မလဲ”
ဘဝအစီအစဉ်ဇယား (life plan) ဆွဲကြည့်မယ်။
ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ ကိုယ်ဘာလုပ်မလဲဆိုတာကို အချိန်ကာလဆိုတဲ့ ဘောင်ထဲကို ထည့်ပြီးဆွဲကြည့်တာပါ။ စဆွဲတော့ ၂ဝဝ၄။ ဒါပေမယ့် အဲဒီတုန်းကတော့ ခဏခဏပြင်သည်။ (Excel ထဲ ဆွဲထားတော့ အလွယ်တကူ ပြင်နိုင်သည်ကော) အချိန်အကွက်ကလေးတွေ ဟိုရွှေ့ဒီပြောင်း။
Time frame … ဘောင်ခတ်ထားသောအချိန်… ကိစ္စတစ်ခုပြီးမြောက်ဖို့ သတ်မှတ်ထားသောကာလ ဆိုတာ ဘဝမှာ အရေးအကြီးဆုံးပါ။
ဒါပေမယ့် ဘဝအတွက် ကြီးမားတဲ့ စီမံချက်တွေအတွက်တော့ ၂ဝဝ၆ အစပိုင်းလောက်ကစပြီး ကောင်းကောင်းဆွဲဖြစ်ပါတော့တယ်။ ဒီမှာတော့ အစီအစဉ်ကို အသေမထားပါဘူး။ အရှင်ထားထားပါတယ်။ ရည်မှန်းချက်ကိုလည်း တစ်ခုမဖြစ်နိုင်ရင် အနီးစပ်ဆုံးဖြစ်နိုင်မယ့်တစ်ခုကို အသင့်ပြင်ထားပါတယ်။ အမြဲနှစ်ခွတွေးပါတယ်။ (လုပ်ချင်တာ ဖြစ်ချင်တာတွေ အများကြီးလျှောက်ထားရင်တော့ လမ်းပျောက်ပါမယ်။) ဒီတစ်ခါမှာတော့ အချိန်ကို အတတ်နိုင်ဆုံး လုံးဝမပြောင်းတော့ပါဘူး။
ဆွဲထားတဲ့အထဲမှာ အဓိက သုံးချက် ပါဝင်ပါတယ်…
Career development (အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှု)
Academic development (ပညာရေး ဖွံ့ဖြိုးမှု)
Personal development (ကိုယ်ပိုင်ဘဝ ဖွံ့ဖြိုးမှု) တို့ပါပဲ။
အခုလိုဆွဲထားလိုက်တော့ ယခုလက်ရှိ ၂ဝဝ၈ မှာ ပြီးခဲ့တဲ့အတိတ်ကို ပြန်ကြည့်ရင် ကိုယ့်ရည်မှန်းချက် ဘယ်လောက်အတိုင်းအတာထိ ပြည့်မှီပြီလဲ… ဘယ်လို အခွင့်အလမ်းသစ်တွေ ဘဝအတွက် ထပ်ရခဲ့လဲ… ဘာတွေကော ဆုံးရှုံးသွားခဲ့လဲ… ပြန်ကြည့်နိုင်ပါတယ်။
အဲဒီလိုကြည့်လိုက်တော့… … …
အသက်မွေးဝမ်းကြောင်းအတွက်တော့ အခွင့်အလမ်းသစ်တွေ ရလာတာကိုတွေ့ရပါတယ်။ ပညာရေးတော့ ကျောင်းက တွက်ထားတဲ့အချိန်ဘောင်ထဲမှာ မပြီးသေး။ ကိုယ်ပိုင်ဘဝအတွက်လည်း မအောင်မြင်သေးပါဘူး။ ဆန်းစစ်ကြည့်လျှင် ကိုယ်ပိုင်ဘဝက ပညာရေးပေါ်မှီခိုနေရပါတယ်။ (Academic development is a function of personal development) Personal Dev. = f (Academic Dev.)
အခုလို ဘဝအစီအစဉ်ဇယားကြီးဆွဲတဲ့နေရာမှာ ဗေဒင်ဆရာဟောထားတဲ့ အချက်တွေလည်း ထည့်သွင်းစဉ်းစားပါတယ်။ (တစ်ဦးနှင့်တစ်ဦး ယုံကြည်ချက်ချင်းမတူတဲ့အတွက် ဤအချက်ကို လက်ခံနိုင်ချင်မှ လက်ခံနိုင်ပါလိမ့်မယ်။ ကွဲပြားခွင့်ရှိပါသည်။) အနာဂတ်ခန့်မှန်းချက်မှာ အကောင်းထက် အဆိုးကို အလေးထား စဉ်းစားပါတယ်။ ဥပမာ - ဒီကာလ ဒီအချိန်အတိုင်းအတာအတွင်း အိမ်ထောင်မပြုသင့်ဆိုလျှင် ဇယားဆွဲတဲ့အခါ ရှောင်ဆွဲပါတယ်။
အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကတော့ ကျမရဲ့ဘဝဇယားကြီးကြည့်ပြီး ဟားပါတယ်။ မည်သို့ပင်ဖြစ်စေပါ... လူငယ်တွေအတွက် ရည်မှန်းချက်ချတဲ့အခါ... ဘဝဇယားက အထောက်အကူပေးပါတယ်။

Monday, 24 November 2008
Risk Lover or Risk Averse
၅ဝ၅(ခ)… ၂၉၅(က)… ၃၃(က)/၃၈… ၃၂(ခ)/၃၆… ၁၄၃… ၁၄၅… ၁၇/၂… နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ… မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ… ဗွီဒီယို အက်ဥပဒေပုဒ်မ… ဘာသာသာသနာကို ညှိုးနွမ်းအောင်လုပ်ဆောင်မှု ပုဒ်မ… ကျန်သေးသည်… အီလက်ထရောနစ် ဥပဒေပုဒ်မ… … … ပုဒ်မ… ပုဒ်မ… ရန်ကုန် အင်းစိန်မှသည် …. ဘူးသီးတောင်.. ထားဝယ်… ခန္တီး....
အားနေသောကြောင့် မဟုတ်ပါ… တစ်နေ့တစ်ခြား ကြားရသည့် သတင်းများ မချမ်းသာလွန်းလို့… အပြင်မှာ အပေါင်းအသင်းများနဲ့ပြောတာ အားမရ… ဘလော့ထဲ သွန်ချ…
အခံစားရဆုံးကတော့… မိဘနှစ်ပါးစလုံး အကျဉ်းကျသွားတဲ့ ကလေးလေးများအတွက်ပါပဲ… ကလေးတွေကတော့ မိဘတွေ မကြာခင် ပြန်လာကြမယ်ပဲ မျှော်လင့်နေပုံပါ…
ထိုကလေးလေးများသည် မိမိကလေးများဖြစ်လျှင်… … … ….
ထို့နောက် လူငယ်လေးများအတွက်…
ယုံကြည်မှုတစ်ခုကို လက်ကိုင်ထားပြီး စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ (ဒိထက် မြင့်မြင့်မားမား အသုံးပြုရမည့် စကားလုံးရှိလျှင် ဖြည့်စွက်ချင်သေးသည်) မိမိဘဝတစ်ခုလုံးနှင့် အလဲအလှယ်လုပ်ပြီး ပြောင်းလဲမှုတစ်ခုကြိုးပမ်းရေးမှာ ပါဝင်ကြသည်… စွန့်လွှတ်သူများ အားလုံးကို လေးစားသည်…
အားလုံးက ပြောင်းလဲမှုတစ်ခုအတွက် မတူညီတဲ့ ရှုထောင့်အမျိုးမျိုးက လှုပ်ရှားကြသည်… တူညီနေတာက ပြောင်းလဲမှုအတွက်ကြိုးပမ်းချက်…
ဤနေရာတွင်… နည်းနည်းလောက် အကျယ်ချဲ့ဆန်းစစ်ကြည့်မည်…
လူငယ်များအတွက်ကတော့ မိမိရည်မှန်းချက်ပန်းတိုင်က အရေးကြီးဆုံး အလေးအထားရဆုံးဖြစ်မည်။ ဆိုတော့ လူငယ်ထုထဲမှာ…
၁) ငါတို့လုပ်လို့လဲ ဘာမှထူးလာမှာမှ မဟုတ်တာ။ လုပ်မနေတော့ဘူး။ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းပဲ ရှာတော့မယ်။ မြန်မာပြည်က မြန်မြန်ခွာမှ။
၂) ရည်မှန်းချက်တွေ မအောင်မြင်သေးလို့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ငါတို့ပါဝင်လို့ မဖြစ်ပါဘူး။ ရည်မှန်းချက်ပြည့်အောင် အရင်ကြိုးစားမယ်။ ကိုယ်အောင်မြင်မှပဲ အများလှုပ်ရှားမှုမှာ ပါဝင်တော့မယ်။
၃) ငါတို့တစ်ခုခုလုပ်မှတော့ ဖြစ်မယ်။ ဒါပေမယ့် အန္တရာယ်ကလည်း ရှိသေးတယ်။ ဘယ်လိုကြည့်လှုပ်ရှားမလဲ။ လှုပ်ရှားမယ် ဒါပေမယ့် ပါးနပ်ဖို့လိုအပ်တယ်။ အပြည့်အဝတော့ မစွန့်စားဘူး။ အဘယ်ကြောင့်ဆိုသော် ရည်မှန်းချက်များ မပြည့်သေးသောကြောင့်။
၎) ငါတိှု့ အခုအချိန်မှမလုပ်ရင် ဘယ်အချိန်သွားလုပ်မလဲ။ ငါလည်း ရည်မှန်းချက်တွေ ပြည့်ဝအောင် မင်းတို့လိုပဲ အရင်ကြိုးစားချင်တာပေါ့။ ဒါပေမယ့် ဒီလိုလူတွေများနေရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် အန္တရာယ်တွေရှိမှန်း သိတယ်။ လှုပ်ရှားမယ်။ ငါ့လို လူတွေများလာရင်လည်း ပြောင်းလဲမှုတစ်ခု မြန်မြန်ဆန်ဆန် ဖြစ်ကောင်းဖြစ်နိုင်တယ်။
ငါသည် Risk lover လား Risk averse လား ???????????
ယူဆချက်ကတော့… ကြောက်လွန်းနေလဲ အလုပ်မဖြစ်ဘူး။ ရဲရဲဝံ့ဝံ့လည်း မစွန့်စား မစွန့်လွှတ်နိုင်သေးဘူး။ ဆိုတော့… Risk ဆိုတဲ့အရာကို အတိုင်းအတာတစ်ခုအထိတော့ ယူတယ်။ မိမိသည် နံပါတ် (၃) လူငယ်အမျိုးအစားပင်ဖြစ်ပါသည်။
(ဖော်ပြချက်များသည် ဘလော့ရေးသူ၏ ထင်မြင်ယူဆချက်များသာ ဖြစ်သည်။ ဒိထက် အချိန်ရလျှင် ဆက်ချင်သေးသည်။ လုပ်စရာတွေ အပုံလိုက်နဲ့မလို့ ဤမျှသာ.... )

Subscribe to:
Posts (Atom)