Showing posts with label Game. Show all posts
Showing posts with label Game. Show all posts

Saturday, 23 January 2010

အဖြေရှာမည်

တင်တင်ပညာသင်ပြီးသော် အလုပ်ရှင် ကိုဖိုးတုတ်တွင် တင့်တင့်အတွက် အလုပ် နှစ်မျိုး အခွင့်အလမ်းရှိသည်။

၁) ရုံးစီမံခန့်ခွဲကြီးကြပ်အလုပ် နှင့်
၂) သုတေသနအလုပ် ဖြစ်သည်။

ကိုဖိုးတုတ်သည် တင်တင့်ကို ရုံးစီမံခန့်ခွဲကြီးကြပ်အလုပ်ကို စိတ်ချယုံကြည်ရသည့်အတွက် လက်ခံစေချင်သည်။ သုတေသနအလုပ်တွင်လည်း တင်တင်သည် အသုံးတည့်မှန်းသိသည်။ သို့သော် အလုပ်ရှင် ကိုဖိုးတုတ်၏ ပထမဦးစားပေးမှာ ရုံးစီမံခန့်ခွဲကြီးကြပ်အလုပ် ဖြစ်သည်။

တင်တင်ဘက်တွင်ကား သုတေသနအလုပ်မှလွဲ၍ မည်သည့်အလုပ်မှ စိတ်ဝင်စားမှုမရှိချေ။ တင်တင်သည် လူအများနှင့် လုပ်ကိုင်ရသောအလုပ်ကို အသက်ရလာသဖြင့်သော်လည်းကောင်း၊ ကျန်းမာရေး ချူချာသောကြောင့်လည်းကောင်း၊ ပါရဂူဘွဲ့တန်း တက်ချင်သောကြောင့်လည်းကောင်း နည်းနည်းမျှ မလုပ်ချင်ပေ။ သို့သော် ကိုဖိုးတုတ်သည် စိတ်နှလုံးစေတနာကောင်းသော အလုပ်ရှင်ဖြစ်သောကြောင့် တင်တင်လိုချင်သော လစာရလျှင် စီမံခန့်ခွဲကြီးကြပ်အလုပ်ကို ခြောက်လ အများဆုံး လုပ်ပေးနိုင်သည်။

ဤအခြေအနေတွင် -