Saturday 23 January 2010

အဖြေရှာမည်

တင်တင်ပညာသင်ပြီးသော် အလုပ်ရှင် ကိုဖိုးတုတ်တွင် တင့်တင့်အတွက် အလုပ် နှစ်မျိုး အခွင့်အလမ်းရှိသည်။

၁) ရုံးစီမံခန့်ခွဲကြီးကြပ်အလုပ် နှင့်
၂) သုတေသနအလုပ် ဖြစ်သည်။

ကိုဖိုးတုတ်သည် တင်တင့်ကို ရုံးစီမံခန့်ခွဲကြီးကြပ်အလုပ်ကို စိတ်ချယုံကြည်ရသည့်အတွက် လက်ခံစေချင်သည်။ သုတေသနအလုပ်တွင်လည်း တင်တင်သည် အသုံးတည့်မှန်းသိသည်။ သို့သော် အလုပ်ရှင် ကိုဖိုးတုတ်၏ ပထမဦးစားပေးမှာ ရုံးစီမံခန့်ခွဲကြီးကြပ်အလုပ် ဖြစ်သည်။

တင်တင်ဘက်တွင်ကား သုတေသနအလုပ်မှလွဲ၍ မည်သည့်အလုပ်မှ စိတ်ဝင်စားမှုမရှိချေ။ တင်တင်သည် လူအများနှင့် လုပ်ကိုင်ရသောအလုပ်ကို အသက်ရလာသဖြင့်သော်လည်းကောင်း၊ ကျန်းမာရေး ချူချာသောကြောင့်လည်းကောင်း၊ ပါရဂူဘွဲ့တန်း တက်ချင်သောကြောင့်လည်းကောင်း နည်းနည်းမျှ မလုပ်ချင်ပေ။ သို့သော် ကိုဖိုးတုတ်သည် စိတ်နှလုံးစေတနာကောင်းသော အလုပ်ရှင်ဖြစ်သောကြောင့် တင်တင်လိုချင်သော လစာရလျှင် စီမံခန့်ခွဲကြီးကြပ်အလုပ်ကို ခြောက်လ အများဆုံး လုပ်ပေးနိုင်သည်။

ဤအခြေအနေတွင် -




၁) ကိုဖိုးတုတ်သည် ရုံးကြီးကြပ်သည့်အလုပ်ကိုသာတင်တင့်ကိုပေးမည်။ တင်တင်ကလည်း ထိုအလုပ်ပဲ လုပ်ခွင့်ရမည်ဆိုလျှင် - တင်တင်သည် ခြောက်လပင်ဖြစ်သော်လည်း စိတ်မပျော်ပိုက်သောကြောင့် စိတ်ကျေနပ်မှုမှာ ကိန်းဂဏန်းအရ အမှတ် ၅ မှတ်ဆိုပါစို့။ ထိုအခြေအနေတွင် အလုပ်ရှင်ဘက်မှလည်း ခြောက်လသာဖြစ်သောကြောင့် ရေရှည်မဟုတ်သည့်အတွက် လတ်တလောပြဿနာသာ ဖြေရှင်းနိုင်၍ အကောင်းချည်းတော့ မဟုတ်။ ထို့ကြောင့် ၅ မှတ်။

၂) တင်တင်သည် သုတေသနအလုပ် လုပ်ခွင့်ရလျှင် မိမိကျွမ်းကျင်ရာ စိတ်ဝင်စားရာလုပ်ရသောကြောင့် မဟာပီတိ ဂွမ်းဆီထိသကဲ့သို့ အလုပ်ခွင်တွင် ပျော်ရွှင်မည်။ ထိုအခြေအနေတွင် တင်တင်သည် ၁ဝ မှတ်ဖြစ်သည်။ အလုပ်ရှင်ဘက်မှလည်း တင်တင်သည် သုတေသနအလုပ် လုပ်နိုင်စွမ်းရှိမှန်းသိသည်။ အလုပ်ပြီးမြောက်မည်ကိုသိသည်။ သို့သော်လည်း တင်တင့်ကဲ့သို့ ပျော်ရွှင်မှု ငယ်ထိပ်မရောက်နိုင်သောကြောင့် ၈ မှတ်ဖြစ်သည်။

၃) အပြန်အလှန်အားဖြင့် တင်တင့်ဘက်မှလည်း သုတေသနသာလုပ်မည်။ အလုပ်ရှင်ဘက်မှလည်း ရုံးလုပ်ငန်း အလုပ်ကိုသာ လုပ်ကိုင်စေမည့်အခြေအနေတွင် အလုပ်ကိုင် မဖြစ်မြောက်သော အခြေအနေဖြစ်သောကြောင့် နှစ်ဘက်စလုံး သုည ဖြစ်မည်။

အဖြေထွက်ပါပြီ။

တင်တင်နှင့် အလုပ်ရှင်သည် နှစ်ဘက်စလုံး အကောင်းဆုံးအဖြေရှိလျှက်နှင့် ကောင်းမလိုလိုအဖြေတစ်ခုက လွှမ်းမိုးနေသည်။ အောက်တွင်ရှုပါ။

အဓိပ္ပာယ်မှာ - အကောင်းဆုံးဖြစ်သော (၁ဝ,၈) နည်းဗျူဟာသည် (၅,၅) ၏ လွှမ်းမိုးမှု ခံနေရသည်။



အကောင်းဆုံးအဖြေရရန် ဖြည့်စွက် အကြံပြုချက်

ထည့်သွင်းစဉ်းစားရန် သင့်သည့်အချက်များမှာ -
၁) တင်တင်၏အားသာချက်
၂) အလုပ် ပို၍ဖြစ်မြောက်နိုင်မှု
၃) ရုံးစီမံခန့်ခွဲကြီးကြပ်အလုပ်၏ ရေရည် (သုံးနှစ်စာ) ရပ်တည်နိုင်မှု

0 comments: