Yesterday, I went to the hospital in Thailand to take the blood test and liver function test. I told the nurse that I took prednisolone for three months and I was suggested to take medical checkup by the doctor to see the side effects of the medication. Then, the nurse took me to one of the departments without asking me anything and checked my blood pressure, measured my abdomen, height, weight, etc. Still, I thought that -- good service, good English speaking! The nurse asked me "how many months?" I said "three months already". She asked me again "when was your last menstrual period?"
Oh no! They thought that I was pregnant! The word "prednisolone" makes me "pregnant". The only word they could catch up from my conversation is "preg". I had to explained them a bit longer about the differences between prednisolone and pregnant by using body language. Finally, everything was okay. Phew!
Showing posts with label Health. Show all posts

Friday, 8 May 2009
Sunday, 3 May 2009
သွေးလေးဘက်နာ (သွေးစစ်ရန်အတွက်)
သွေးလေးဘက်နာအတွက်
Lefra (10 mg)
Medixon (4 mg)
Celecoxib (500 mg)
ဆေးများကို သောက်ပြီး သုံးလအကြာတွင် အောက်ပါ အချက်နှစ်ချက်ကို သွေးပြန်စစ်ရမည်။
Blood for complete picture (CP)
Liver function test (LFT)
အမှန်တော့ သွေးစစ်ခြင်းကို နှစ်ပတ်တစ်ခါ စစ်ပေးပါက ပိုကောင်းသည်ဟု ဆိုသည်။
ကိုယ်တွေ့အခြေအနေကတော့ အထက်ပါဆေးများသောက်ပြီး ယခု သုံးလ ပတ်ဝန်းကျင်တွင်

Wednesday, 4 March 2009
သွေးလေးဘက်နာ ၂
သွေးလေးဘက်နာအတွက် ဆေးများ (ဆရာဝန်တစ်ဦးနှင့် တစ်ဦးဆေးပေးတာခြင်းတူမည်မဟုတ်ပါ)
Lefra (10 mg)
Medixon (4 mg)
Celecoxib (500 mg)
လှုပ်ရှားလို့မရတဲ့အဆင့်အထိဖြစ်လျှင် Medixon ထိုးဆေးထိုးရသည်။
ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးများကတော့ -

Friday, 27 February 2009
သွေးလေးဘက်နာ
ဒေါက်တာချစ်စိုး (ဆေးပညာဌာန) ထုတ်ဝေထားသော လက်ကမ်းစာစောင်မှ သွေးလေးဘက်နာ (Rheumatoid Arthritis) ရောဂါအတွက် သတိပြုရန်အချက်များဖြစ်ပါသည်။
၁။ သွေးကြောင့်ဖြစ်သော လေးဘက်နာ (RA)သည် နာတာရှည်ရောဂါဖြစ်သည်။
၂။ ရောဂါသဘာဝအရ သက်သာခြင်းနှင့် ရောဂါပြန်လည် ပြင်းထန်ခြင်း တစ်လှည့်စီဖြစ်တတ်သည်။
၃။ ရေရှည်ကုသမှု မခံယူပါက အဆစ်များကောက်ကွေးပြီး အိပ်ယာပေါ်လဲသည်အထိ ဖြစ်နိုင်သည်။
၎။ အကိုက်အခဲပျောက်ဆေးများ သုံးစွဲရုံနှင့် အဆစ်များကောက်ကွေးခြင်းကို မကာကွယ်နိုင်ပါ။
၅။ ရောဂါဟု ဆရာဝန်က သတ်မှတ်ခဲ့လျှင်လည်း အနည်းဆုံး (၂)နှစ်ခန့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း စစ်ဆေးကုသမှုခံယူရမည်။
၆။ Methotrexate, Cyclophosphamide စသည့် ကာကွယ်ဆေးများသောက်နေလျှင် ကလေးယူ၍ မရပါ။
၇။ ပရက်နီစလုံး (စတီးရွိုက်) ဆေးများသောက်ထားလျှင် ဆရာဝန်ကို ပြောပြပါ။ ဖျားနာသောအခါ မိမိသဘောနှင့် ချက်ခြင်း မဖြတ်ရ။ သွေးပေါင် ရုတ်တရက်ကျတတ်သော အန္တရာယ်ရှိသည်။
၈။ စတီးရွိုက်ပါသော ဆေးများကို မိမိဘာသာ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ စွဲသောက်ပါက မျက်နှာများ ဖောလာခြင်း၊ အရိုးများပွ၍ ကျိုးခြင်း၊ အစာအိမ်ပေါက်ခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း အန္တရာယ်များ ရှိသောကြောင့် အဆစ်နာပျောက်ဆေးများကို ကြော်ငြာကောင်းတိုင်းမသောက်ပါနှင့်။

Friday, 21 November 2008
လေးဘက်နာ
“လေးဘက်နာ”.. အတော်ဆိုးသည်.. ထိုမှတဖန် အဆင့်မြင့်လာလျှင် “ဂေါက်”.. သာလို့တောင်ဆိုးသေး… ရောဂါအမည်ကလည်း မလှ…. ပျောက်အောင်ကုသည့် ဆေးကလည်းမပေါ်သေး… အမေကတော့ “အား ကျွတ် ကျွတ်” ရောဂါလို့ အမည်တပ်သည်… ထိုင် အားကျွတ်ကျွတ် ထ အားကျွတ်ကျွတ်… မကောင်းပါ… လုံးဝမကောင်းပါ…
တလောက အင်တာနက်ထဲ အမွှေကောင်း ကိုယ့်ဟာကိုယ်ကု.. ဒုက္ခရောက်…. ထို့နောက် ဆေးရုံရောက်… ဆေးရုံရောက်တော့ ဆရာမကဆေးထိုး… ထိုးတဲ့ဆေးနဲ့ မတည့်… အယားတွေထွက်… ဆရာဝန်တစ်ယောက် ဆေးတစ်မျိုးစီ… ပထမဆရာဝန်က Prednisolone သောက်ခိုင်းသည်… နောက်တစ်ယောက်က Chloroquine….. Prednisolone သောက်တုန်းကာလမှာတော့ လူက ပေါ့ပါးလွန်းလို့ လမ်းလျှောက်လျှင် ဆောင့်ကြွားကြွားဖြစ်ချင်သည်… သို့ပေမယ့် ဆေးအရှိန်ကြောင့် ရင်တုန်သည်.. ညအိပ်မပျော်… Chloroquine ကျတော့ မူးဝေဝေ… နာကျင်မှုထိန်းထားနိုင်တာကလည်း ယာယီမျှ… ထို့ကြောင့် ကိုယ့်ဟာကိုယ် အနောက်တိုင်းဆေးများကို ဖြတ်လိုက်သည်… ရောဂါအမြစ်ပြတ်အောင် စွမ်းသည့်ဆေး မရှိသောကြောင့် အဆစ်များနာကျင်မှုသက်သာအောင်သာ ဂရုစိုက်နေထိုင်ရသည်…...
အဆစ်အမြစ် ကိုက်ခဲနာကျင်မှုသက်သာစေမယ့် ကိုယ်တွေ့နည်းလမ်းလေးတွေ မျှဝေလိုက်ပါသည်……
၁) မနက်မိုးလင်း အိပ်ယာထတိုင်း အဆစ်အမြစ်များကိုက်ခဲသည့်ပြဿနာကို အရင်ဖြေရှင်းရမယ်ဆိုတော့………..
ခြေထောက်ကို ရေနွေးစိမ်ပါ။ (ဆားထည့်စိမ်လျှင် ပိုစွမ်းသည်။) လက်ကို ညင်ညင်သာသာလေး ကွေးဆန့်ပါ။ ရေနွေးစိမ်ထားတဲ့ ခြေချောင်းလေးတွေကို လှုပ်ရှားပေးပါ။ လေးဘက်နာသည် ခန္ခာကိုယ်လှုပ်ရှားမှု နည်းသောကြောင့် ဖြစ်သည်ဟု ဆိုကြသော်လည်း လေ့ကျင့်ခန်း အပြင်းအထန်မလုပ်သင့်။ အဆစ်များယောင်နေစဉ် ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်သောကြောင့် ပိုဆိုးလာမည်။ အစစအရာရာ စလိုးမိုးရှင်း ညင်ညင်သာသာလေးသာ လှုပ်ရှားပါ။ ရေနွေးလည်း အကြာကြီးမစိမ်သင့်။ တခါက ရေနွေးအစိမ်ကြာသွားလို့ အဖျားဝင်ဖူးသည်။ ဖျားလျှင် အဆစ်များ ပိုနာသည်။
၂) အဆစ်အမြစ်များ ကိုက်ခဲနေလျှင် ကြယ်သီးတပ်ရလွယ်သော အဝတ်အစားများကို ရွေးဝတ်ပါ။ ခေါင်းစွပ်အကျီ င်္မျိုးကျတော့ ဝတ်ရပိုခက်သည်။
၃) လှေခါးအဆင်း သတိထားပါ။ အဆစ်နာကျင်နေချိန်တွင် လှေခါးအဆင်းက ပိုခက်ခဲသည်။ သာမာန်ကျန်းမာသူလို ခြေထောက်နှစ်ဘက် တပြိုင်နက်ထဲ အသုံးပြုလို့မရပါ။ တစ်ထစ်ခြင်း ဖြေးဖြေးဆင်းရမည်။ ခြေထောက်နှစ်ဘက်စလုံးကို တပြိုင်နက်ထဲ အသုံးမပြုနိုင်သော်လည်း တစ်ဘက် တစ်လှည့်စီ သုံးပေးပါ။ ခြေထောက်တစ်ဘက်ထဲ ဖိသုံးလျှင် ခါးကိုအားပြုရသောကြောင့် နောက်ထပ် လေးဘက်အပြင် ခါးနာမှုက ထပ်တိုးလာမည်။
၎) မိသားစုနှင့်ဝေးနေလျှင် (တိုင်းတစ်ပါးရောက်နေလျှင်) စိတ်ဆန္ဒရှိတိုင်း ခန္ခာမလိုက်နိုင်သောကြောင့် စိတ်ဓာတ်ကျနိုင်သည်။ ထို့ကြောင့် ကိုယ့်ကို နားလည်စောင့်ရှောက်ပေးနိုင်တဲ့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ရှိဖို့ အရမ်းလိုအပ်သည်။
၅) တစ်နေ့တာအချိန်ကာလမှာ အဆစ်များ အယောင်ကျသည့်အချိန်မှာ များသောအားဖြင့် ညနေစောင်းအချိန်ဖြစ်တတ်သည်။ တခါတရံတော့ ညအိပ်ယာဝင်ချိန်မှာ ကိုက်ခဲမှု ပြန်စတတ်သည်။
၆) ညအိပ်လျှင် ခန္ခာကိုယ်အနေအထား တစ်မျိုးထဲ ပုံသေမအိပ်ပါနှင့်။ ခြေထောက်များကို ကွေးဆန့်လုပ်ပေးပါ။ ခေါင်းကိုလည်း မကြာခဏ ဘယ်ညာလှုပ်ရှားပေးပါ။ ဒါနဲ့ပဲ တစ်နေ့တာလည်းကုန်ဆုံး နောက်တစ်နေ့မနက် ရေနွေးစိမ်ခြင်းမှ ပြန်စရပါတော့မယ်။
အကိုက်အခဲမသက်သာပါက celecoxib သောက်နိုင်သည်။ ငါးကြီးဆီ fish oil နှင့် calcium မှန်မှန်သောက်တွဲသောက်လျှင် ပိုကောင်းသည်။
တစ်ချို့ကတော့ လေးဘက်နာက အစားအသောက်ရှောင်ရသည်ဟု ယူဆကြသည်။ မြေတွင်းဥ (အာလူး၊ မုန်လာဥ)၊ ဝမ်းတွင်းသား (ဆိတ်ကလီစာ၊ ဝက်ကလီစာ၊ ငါးဥ)၊ ယူရစ်အက်ဆစ် uric acid တက်စေသော ဟင်းသီးဟင်းရွက်များ (ပဲပင်ပေါက်၊ ဟင်းနုနွယ်) သည် အဆစ်အမြစ်ယောင်ယမ်းဖို့ အားပေးသည်ဟုဆိုသည်။ အင်တာနက်ထဲတွင် rheumatoid arthritis diet ဆိုပြီးရှာဖွေကြည့်နိုင်သည်။

Subscribe to:
Posts (Atom)