Sunday 3 May 2009

သွေးလေးဘက်နာ (သွေးစစ်ရန်အတွက်)

သွေးလေးဘက်နာအတွက်

Lefra (10 mg)
Medixon (4 mg)
Celecoxib (500 mg)
ဆေးများကို သောက်ပြီး သုံးလအကြာတွင် အောက်ပါ အချက်နှစ်ချက်ကို သွေးပြန်စစ်ရမည်။

Blood for complete picture (CP)
Liver function test (LFT)

အမှန်တော့ သွေးစစ်ခြင်းကို နှစ်ပတ်တစ်ခါ စစ်ပေးပါက ပိုကောင်းသည်ဟု ဆိုသည်။

ကိုယ်တွေ့အခြေအနေကတော့ အထက်ပါဆေးများသောက်ပြီး ယခု သုံးလ ပတ်ဝန်းကျင်တွင်

အသက်ရှူမဝပါ။
ခန္ဓာကိုယ်သည် ပျော့ဖတ်ဖတ်နှင့် ကတုန်ကရင်ဖြစ်သည်။
ကိုယ်အလေးချိန် ကျသည်။ (ဆေးများသည် ကိုယ်ခန္ဓာကို ဖောသွပ်စေသည်ဆိုသော်လည်း မျက်နှာတစ်နေရာတည်းသာ တစ်ခါတစ်ရံ ဖောသွပ်၍ ကိုယ်အလေးချိန်မှာ သိသာစွာလျော့နည်းသွားသည်။)

ဆရာဝန်တစ်ဦးမှ အလွယ်တကူ နားလည်အောင်ရှင်းပြသည်မှာ -

သွေးထဲမှ သွေးဥများသည် ပုံမှန်မဟုတ်သောကြောင့်လည်းကောင်း၊
အားနည်းသောကြောင့်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

လေးဘက်နာရောဂါရှင်များသည် မိမိနာကျင်မှုများကို နေ့စဉ်မှတ်တမ်းအနေနှင့် မှတ်ထားနိုင်က အကျိုးရှိမည်။ မိမိကိုယ်ကို သုတေသနလုပ်နိုင်သည်။ နက်ဖြန်သွေး သွားစစ်ပြီးမှ ဆက်ရေးပါဦးမည်။

4 comments:

tune said...

Hinthar said...