Wednesday 4 March 2009

သွေးလေးဘက်နာ ၂

သွေးလေးဘက်နာအတွက် ဆေးများ (ဆရာဝန်တစ်ဦးနှင့် တစ်ဦးဆေးပေးတာခြင်းတူမည်မဟုတ်ပါ)

Lefra (10 mg)
Medixon (4 mg)
Celecoxib (500 mg)

လှုပ်ရှားလို့မရတဲ့အဆင့်အထိဖြစ်လျှင် Medixon ထိုးဆေးထိုးရသည်။

ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးများကတော့ -



၁) အစာအိမ်နာမည်။
၂) အိမ်ထောင်ရှိက ကလေးမရနိုင်။
၃) အသည်းနှင့်ကျောက်ကပ်ပျက်နိုင်သည်။ (ထို့ကြောင့် ဆေးသောက်ပြီး သုံးလအကြာတွင် ကျန်းမာရေးစစ်ဆေးမှု ပြန်လည်ခံယူရမည်။)

ဆေးသောက်နေသည့် လက်တလောကာလတွင် -
၁) ရင်တုန်မည်။
၂) ညအိပ်မပျော်ပါ။
၃) အစားသောက်ပျက်မည်။
၎) အစာအိမ်ရောဂါအခံရှိလျှင် အစာအိမ်သွေးယိုလာတတ်သည်။
၅) မကြာခဏ အဖျားဝင်လာတတ်သည်။

ိထို့ကြောင့် -

ဆေးသောက်နေရသည့်ကာလတွင် -
၁) အစားများများစားပါ။ စားနိုင်သလောက်အကုန်စားပါ။
၂) ရေအများကြီးသောက်ပါ။
၃) လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။
၎) အချို့က အစားသောက်ရှောင်သည်။ အချို့က အကုန်စားလို့ရသည်ပြောသည်။ မည်သို့ပင်ဖြစ်စေ ကလီစာများ၊ ငါးဥ၊ ခရမ်းချဉ်သီး အစရှိသော မတည့်စာများကို ရှောင်က ပိုကောင်းသည်။
၅) စိတ်ဖိစီးမှုများရှိက ပျော်ပျော်နေလိုက်ပါ။
၆) အိမ်ထောင်ရှိက အိမ်ထောင်ဘက်၏ အပြုစုအယုယ အားပေးမှုလိုအပ်သည်။ အိမ်ထောင်မရှိက ချစ်သူ၏ ဂရုစိုက် နားလည်မှုကြောင့် ရောဂါတစ်ဝက်သက်သာနိုင်သည်။

0 comments: