Saturday 21 March 2009

ကလေးအငိုတိတ်အောင်ချော့နည်း

Health Newsletter www.myanmarhealthcare.com
ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပညာပေး စာစောင် Health Newsletter မှဖြစ်ပါတယ်။ အပတ်စဉ် အီးမေးလ်မှတဆင့်ပို့ပေးလေ့ရှိတဲ့အတွက် အလွန်မှအဆင်ပြေပါတယ်။ ဒီတစ်ပတ်ပို့လိုက်တဲ့ထဲက အနှစ်သက်ဆုံး အကြောင်းအရာလေးကတော့ ငိုနေတဲ့ကလေး တိတ်သွားအောင် ချော့နည်းလေးပါပဲ။ စာသားများကို တိုက်ရိုက်ကူးယူဖော်ပြလိုက်ပါတယ်။

အကယ်၍ နို့စို့ကလေးတစ်ယောက်ငိုပါက သူ့ကို အငိုတိတ်သွားအောင် ဘယ်လိုချော့မလဲ။ ကလေးတွေက လူကြီးတွေကို သူတို့လိုချင်တာကို ပြောမပြတတ်တာမို့၊ ငိုနေတဲ့ကလေးတစ်ယောက် တိတ်သွားအောင် လုပ်ဖို့ဆိုတာ လွယ်မလိုနဲ့ခက်နေတတ်ပါတယ်။ သို့သော်လည်း အကြမ်းဖျင်းအားဖြင့် ငိုနေတဲ့ကလေးတွေဟာ အသံ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ပွတ်တိုက်ပုတ်ပေးခြင်းကို နှစ်သက်တတ်ပါတယ်။ ဒါကြောင့် -



(၁) ကလေးငယ်ကို လက်နဲ့ပွေ့ချီပြီး လက်လွှဲလှုပ်ပေးပြီး ချော့မြှူပါ။ ဒါမှမဟုတ် ပုခက်ထဲထည့်ပြီး လွှဲပေးကာ ချော့မြှူပါ။
(၂) ကလေးငယ်ကို ပွေ့ချီထားပြီး လမ်းလျှောက်ပါ။ ဒါမှမဟုတ် စည်းချက်ဝါးချက် ညီညီကပါ။ ဒါမှကလေးငယ်ဟာ သူ့အမေ ဝမ်းဗိုက်သားအိမ်ထဲမှာ နေခဲ့ရစဉ်က သားအိမ်အတွင်း ရေမြွာအရည်တွေအကြား ငြိမ့်ငြိမ့်ကလေးနေခဲ့ရတာကို ပြန်လည်အမှတ်ရကာ အငိုတိတ်သွားမှာဖြစ်ပါတယ်။
(၃) လက်ထဲပွေ့ချီထားပြီး ဒါမှမဟုတ် ပုခက်ထဲမှာထည့်ထားပြီး တင်ပါးကလေးကို လက်နှင့်ပုတ်ကာ ချော့မြှူပါ။
(၅) ကားပေါ်တင်၍ ကားတစ်ပတ်စီးပြီးချော့ပါ။ ဒါမှမဟုတ် ပုခက်တွန်းလှည်းထဲ ထည့်ပြီးတစ်ပတ်လောက် လမ်းလျှောက်တွန်းပေးလိုက်ပါ။
(၆) သာယာငြိမ့်ညောင်းတဲ့ သီချင်းဂီတသံကို ညင်ညင်သာသာ ဖွင့်ပေးထားပါ။
(၇) သီချင်းဖွင့်မပေးနိုင်ပါက ကိုယ်တိုင်သီချင်းဆို၍ ချော့သိပ်ပါ။
(၈) ဘေးပတ်ဝန်းကျင်မှ ဆူညံသောအသံများနှင့်တတ်နိုင်သလောက် ဝေးဝေးထားပါ။

Ref: Health Digest. 4/49 K

ကလေးတစ်ယောက်နဲ့တစ်ယောက် အငိုတိတ်နည်း တူချင်မှတူပါလိမ့်မယ်။ အိမ်က သားသားလေးကတော့ လူကြီးရဲ့ ခြေမလေး ပေးထားလိုက်ရင် ချက်ချင်းကို အငိုတိတ်သွားတတ်ပါတယ်။ သူ့အတွက်ကတော့ ခြေမလေးတစ်ချောင်းကို လေ့လာစူးစမ်းနေရတာ ဘယ်တော့မှမရိုးသလိုပါပဲ။

0 comments: