Sunday, 3 May 2009

သွေးလေးဘက်နာ (သွေးစစ်ရန်အတွက်)

သွေးလေးဘက်နာအတွက်

Lefra (10 mg)
Medixon (4 mg)
Celecoxib (500 mg)
ဆေးများကို သောက်ပြီး သုံးလအကြာတွင် အောက်ပါ အချက်နှစ်ချက်ကို သွေးပြန်စစ်ရမည်။

Blood for complete picture (CP)
Liver function test (LFT)

အမှန်တော့ သွေးစစ်ခြင်းကို နှစ်ပတ်တစ်ခါ စစ်ပေးပါက ပိုကောင်းသည်ဟု ဆိုသည်။

ကိုယ်တွေ့အခြေအနေကတော့ အထက်ပါဆေးများသောက်ပြီး ယခု သုံးလ ပတ်ဝန်းကျင်တွင်


Thursday, 30 April 2009

Endless Summer Night

တင်တင်၏အချစ်ဇာတ်လမ်းလေးများ

အခန်း (၁) တင်တင့်အသည်းကွဲပါပြီ

လူစိမ်းကားကြီးကိုဝင်းဦးကြောင့် တင်တင့်အသည်းကွဲလေပြီ။



Monday, 20 April 2009

Wednesday, 8 April 2009

Saturday, 21 March 2009

ကလေးအငိုတိတ်အောင်ချော့နည်း

Health Newsletter www.myanmarhealthcare.com
ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပညာပေး စာစောင် Health Newsletter မှဖြစ်ပါတယ်။ အပတ်စဉ် အီးမေးလ်မှတဆင့်ပို့ပေးလေ့ရှိတဲ့အတွက် အလွန်မှအဆင်ပြေပါတယ်။ ဒီတစ်ပတ်ပို့လိုက်တဲ့ထဲက အနှစ်သက်ဆုံး အကြောင်းအရာလေးကတော့ ငိုနေတဲ့ကလေး တိတ်သွားအောင် ချော့နည်းလေးပါပဲ။ စာသားများကို တိုက်ရိုက်ကူးယူဖော်ပြလိုက်ပါတယ်။

အကယ်၍ နို့စို့ကလေးတစ်ယောက်ငိုပါက သူ့ကို အငိုတိတ်သွားအောင် ဘယ်လိုချော့မလဲ။ ကလေးတွေက လူကြီးတွေကို သူတို့လိုချင်တာကို ပြောမပြတတ်တာမို့၊ ငိုနေတဲ့ကလေးတစ်ယောက် တိတ်သွားအောင် လုပ်ဖို့ဆိုတာ လွယ်မလိုနဲ့ခက်နေတတ်ပါတယ်။ သို့သော်လည်း အကြမ်းဖျင်းအားဖြင့် ငိုနေတဲ့ကလေးတွေဟာ အသံ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ပွတ်တိုက်ပုတ်ပေးခြင်းကို နှစ်သက်တတ်ပါတယ်။ ဒါကြောင့် -

Wednesday, 4 March 2009

သိစစ်

သိစစ် (Thesis) ဆိုသည်မှာ သင်ဘယ်လောက်သိသလဲ သင့်ထက်သိသည်ဟုယူဆရသော ဆရာသမားများမှ စစ်ဆေးခြင်းကို သိစစ်ဟုခေါ်သည်။ ဘယ်လောက်သိသလဲ စစ်ဆေးလိုက်သောအခါ ဘာမှမသိသည်ကို သိရမည်။ သိသောသူများ၏ စစ်ဆေးခံရသောအခါအကြောင်းမဟုတ် သင့်လောက်မှ မသိသောသူများ၏ အစစ်ဆေးခံရသောအခါ သင်မသိသည်လား ထိုသူများကပဲမသိသည်လား မည်သူမျှသိမည်မဟုတ်ပါ။

မြန်မာ့ရေးရာနှင့် ပတ်သက်၍ သိစစ်လုပ်ကြလျှင် မြန်မာ့ရေးရာကိုနားလည်သူနှင့်မှ သင့်တော်ပေမည်။ မဟုတ်က ရှင်းပြရသည်မှာ အာပေါက်သည်။

နိုင်ငံခြားတက္ကသိုလ်များတွင် တက္ကသိုလ်အလိုက် မိမိလုပ်ချင်သောသိစစ်အပေါ်တွင် အကူအညီပေးနိုင်သော ဆရာများရှိသကဲ့သို့ မရှိသော အခြေအနေတွင်လည်း ကြုံရတတ်သည်။

ထို့အပြင် မြန်မာကျောင်းသားများအပေါ်အမှီပြု၍ အထောက်အပံ့ပေးသော ဖောင်ဒေးရှင်းများမှလည်း ငွေကြေးရရှိရန် (မြန်မာ့ရေးရာတွင် ဒိုင်ဗင်ဝင်ပစ်တတ်သော) မြန်မာကျောင်းသားများကို လက်ဝါးကြီးအုပ်တတ်သော ဆရာမျိုးလည်း ရှိတတ်သည်။ ထိုဆရာမျိုးသည် မြန်မာနိုင်ငံအခြေအနေကို နားလည်လျှင်ထားဦးတော့။ မြန်မာပြည်အကြောင်းလည်း တစ်စွန်းတစ်စမျှမသိလျှင် အကူအညီမရသည့်အပြင် "နင်တို့မြန်မာပြည်က ဘာလုပ်လုပ် လုပ်မရဘူးပဲဖြစ်နေပါလား" ဒါမျိုးကလည်း အထွန့်တတ်သေးသည်။

အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံခြားတက္ကသိုလ်များမှ ပညာသင်နေသော မြန်မာကျောင်းသားများသည် မိမိတိုင်းပြည်တွင် သိစစ်လုပ်ခွင့်ရှိက လုပ်ကြသလို အခြေအနေမပေးသောကြောင့် နီးစပ်ရာနေရာတွင်သာ သိစစ်လုပ်ကြရသည်များလည်းရှိသည်။ မည်သူမဆို မိမိတိုင်းပြည်အတွက်သာလျှင် ဦးစားပေးလုပ်ချင်ကြပေလိမ့်မည်။ ထို့ကြောင့် ပြည်တွင်းပြန်၍ သုတေသနလုပ်နိုင်သည့် အခြေအနေရှိသောကျောင်းသားများမှာ မိမိလုပ်နေသော သုတေသနအလုပ်အပေါ်တွင် တန်ဖိုးထားမည့်သူချည်းသာဖြစ်မည်။

သို့သော် အထက်ပါ ဆရာမျိုးများလည်း ရှိနိုင်သောကြောင့် ကျောင်းသူကျောင်းသားများ သိစစ် မလုပ်မီသေချာ ရွေးချယ်တတ်ဖို့လိုအပ်သည်။ အရွေးမှားက မလွယ်။ အစော်ကားလည်းခံရဦးမည်။ ကိုယ်ကလဲ ထိုအခြေအနေမျိုးတွင် အင်္ဂလိပ်လို စက်သေနတ်ပစ်သလို ပြန်မမှုတ်နိုင်လျှင် ပိုခံရမည်။ ထို့အပြင် ဆရာသည် မိမိသုတေသနအပေါ်တွင် နားမလည်သော်လည်း ပီအိတ်ခ်ျဒီပရော်ဖက်ဆာဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသားဘက်က အရှုံးချည်းပင်။ ထို့ကြောင့် အရှုံးတော့မခံပါနှင့်။ ကျောင်းစတက်ကထဲက ဘယ်ဆရာက ဘယ်လိုဆိုသည်ကို လေ့လာပါ။ အကဲခတ်ပါ။ ထိုကဲ့သို့သော ဆရာမျိုးတွေ့က ဝေးဝေးရှောင်ပါ။

သွေးလေးဘက်နာ ၂

သွေးလေးဘက်နာအတွက် ဆေးများ (ဆရာဝန်တစ်ဦးနှင့် တစ်ဦးဆေးပေးတာခြင်းတူမည်မဟုတ်ပါ)

Lefra (10 mg)
Medixon (4 mg)
Celecoxib (500 mg)

လှုပ်ရှားလို့မရတဲ့အဆင့်အထိဖြစ်လျှင် Medixon ထိုးဆေးထိုးရသည်။

ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးများကတော့ -

Sunday, 1 March 2009

You can trust in me



Surrender
Baby please surrender
I will be so tender
If you trust in me

Pretender
I won't be pretender
Baby please surrender
You can trust in me

One

Friday, 27 February 2009

သွေးလေးဘက်နာ

ဒေါက်တာချစ်စိုး (ဆေးပညာဌာန) ထုတ်ဝေထားသော လက်ကမ်းစာစောင်မှ သွေးလေးဘက်နာ (Rheumatoid Arthritis) ရောဂါအတွက် သတိပြုရန်အချက်များဖြစ်ပါသည်။

၁။ သွေးကြောင့်ဖြစ်သော လေးဘက်နာ (RA)သည် နာတာရှည်ရောဂါဖြစ်သည်။
၂။ ရောဂါသဘာဝအရ သက်သာခြင်းနှင့် ရောဂါပြန်လည် ပြင်းထန်ခြင်း တစ်လှည့်စီဖြစ်တတ်သည်။
၃။ ရေရှည်ကုသမှု မခံယူပါက အဆစ်များကောက်ကွေးပြီး အိပ်ယာပေါ်လဲသည်အထိ ဖြစ်နိုင်သည်။
၎။ အကိုက်အခဲပျောက်ဆေးများ သုံးစွဲရုံနှင့် အဆစ်များကောက်ကွေးခြင်းကို မကာကွယ်နိုင်ပါ။
၅။ ရောဂါဟု ဆရာဝန်က သတ်မှတ်ခဲ့လျှင်လည်း အနည်းဆုံး (၂)နှစ်ခန့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း စစ်ဆေးကုသမှုခံယူရမည်။
၆။ Methotrexate, Cyclophosphamide စသည့် ကာကွယ်ဆေးများသောက်နေလျှင် ကလေးယူ၍ မရပါ။
၇။ ပရက်နီစလုံး (စတီးရွိုက်) ဆေးများသောက်ထားလျှင် ဆရာဝန်ကို ပြောပြပါ။ ဖျားနာသောအခါ မိမိသဘောနှင့် ချက်ခြင်း မဖြတ်ရ။ သွေးပေါင် ရုတ်တရက်ကျတတ်သော အန္တရာယ်ရှိသည်။
၈။ စတီးရွိုက်ပါသော ဆေးများကို မိမိဘာသာ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ စွဲသောက်ပါက မျက်နှာများ ဖောလာခြင်း၊ အရိုးများပွ၍ ကျိုးခြင်း၊ အစာအိမ်ပေါက်ခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း အန္တရာယ်များ ရှိသောကြောင့် အဆစ်နာပျောက်ဆေးများကို ကြော်ငြာကောင်းတိုင်းမသောက်ပါနှင့်။

Thursday, 1 January 2009

Sunday, 28 December 2008

Thursday, 25 December 2008

A Broken Heart



ချစ်ခြင်း ပေါက်ပွားရာနေရာလို့ တင်စားကြတဲ့ အသည်း/နှလုံးသား ... ဆိုတာ တစ်ပတ်လည် Animation လိုပါပဲ။ ကွဲလိုက် ပြန်ဆက်လိုက်။ Loop လုပ်မယ်လို့ Command ပေးထားလိုက်တော့ အသည်းက ကွဲလိုက် ပြန်ဆက်လိုက် ကွဲလိုက် ပြန်ဆက်လိုက်...

Wednesday, 24 December 2008

Christmas Eve



ခရစ္စမတ်ချိန်ခါ မိသားစု ဆွေမျိုးစုံလင် ဆုံကြသည်။

၁၉၈၉ ခုနှစ် ခရစ္စမတ်အကြိုနေ့....

အဘိုးနှင့် အဘွား အိမ်ကျဉ်းလေးထဲမှာ...
အဘွားနှင့် အမေများက စားရေးသောက်ရေးအတွက် အစီအစဉ်ချ...
အဖေများကတော့ တိုင်းရေးပြည်ရေး ဆွေးနွေး...
အသက် ၉၄ ရှိပြီဖြစ်တဲ့ ဘွားအေကြီး နိုင်းနိုင်းကတော့ ထိုင်နေကျ ကုလားထိုင်လေးမှာ မြေးများအလုပ်ရှုပ်နေကြသည်ကိုထိုင်ကြည့်...

(ကျွန်မတို့ကဏ္ဍ ရောက်လာပါပြီ........)

အဘိုးနှင့် ကလေးတစ်သိုက်က အနီးအနားရှိ သစ်ကိုင်းတစ်ချောင်းကို ရှာခုတ် (ထင်းရှူးပင်မရှိသောကြောင့် တွေ့ရာအကိုင်းသာ ချိုင်ရသည်။) အစ်ကိုဝမ်းကွဲတစ်ယောက်ကတော့ သစ်ကိုင်းစိုက်ရန်အတွက် အနီးအနားရှိ အိမ်အောက်များမှ ပန်းအိုးလွတ်ကို လိုက်ရှာလေရဲ့။ ပန်းအိုးရရုံနှင့် မပြီး ပန်းအိုးထဲ ထည့်ဖို့ သဲလည်း ရှာရသေးသည်။

ပစ္စည်းအားလုံး စုဆောင်းပြီးလျှင် ချိုင်လာတဲ့ အကိုင်းကို မြေပန်းအိုးထဲစိုက်ပြီး အလှဆင်ကြသည်။ အလှဆင်ရန်အတွက်လည်း တန်ဖိုးကြီးအလှပစ္စည်းတွေရှိသည်မဟုတ်။ လမ်းထိပ်ဆိုင်က သကြားလုံးများ နှင့် ပင်ပေါင်ဘောလုံးများကိုဝယ်ပြီး မြေးအဘိုးတစ်သိုက်ရဲ့ ခရစ္စမတ်သစ်ပင်ကြီးကို အလှဆင်ကြသည်။ အားလုံးပြီးစီးသွားလျှင် ကလေးတစ်သိုက် တစ်ယောက်ပြီးတစ်ယောက် ရေချိုးကြရသည်။

ထို့နောက်... မြေးအဘိုးတစ်သိုက် ဖဲ ရိုက်ကြသည်။ (ကျွန်မသည် ထိုအချိန်က ၉ နှစ်) ဖဲကစားခြင်းကို ၁၉၈၈ အရေးခင်းဖြစ်သောကာလ အဘိုးအိမ်တွင် မိသားစုများစုနေကြချိန် ကလေးများ ငြိမ်စေရန်အတွက် အဘိုးမှာ အတူနေ မြေးအားလုံး (၅ ယောက်) ကို ဖဲ စကားနည်း သင်ထားပေးခြင်းဖြစ်သည်။ များသောအားဖြင့်က ပိုကာ၊ ၂၁ ပေါက်၊ ကိုးမှီး တို့ကစားကြသည်။ ဒေါင်းကြေးကလည်း ၁ဝ ပြား၊ ပြား ၂ဝ။ အဘိုးက ဒိုင် လုပ်သည်။ (ကလေးထဲက ဒိုင်လုပ်လျှင် ငြင်းခုံကြသောကြောင့်) ကျွန်မနှင့် ကျွန်မထက် တစ်နှစ်သာကြီးသော အစ်ကိုဝမ်းကွဲ (ပန်းအိုးရှာသူ) နှစ်ယောက်ပေါင်း ဖဲ ဝှက်လေ့ရှိသည်။ ကျွန်မ မောင်လေးကတော့ မနိုင်မချင်း ဆော့ချင်သမား။ ကျွန်မကတော့ ကိုယ်နိုင်ပြီးလျှင် ရပ်လိုက်သည်။ ကိုယ်ရှိတာလေးပြန်ပါသွားမှာ စိုးရိမ်သည်။ သို့သော် ဖဲ သမား သိက္ခာအရ အနိုင်ပိုင်းထွက်မသွားသင့်။ ကံကောင်းသည်က ကျွန်မ အကြွေထုပ်ကြီး (ငါးပြား ဆယ်ပြား) ပျောက်ပျက်မသွားခြင်းပင်ဖြစ်သည်။

ဖဲအတော်အတန်ကြာ ကစားပြီးသည်နှင့် ညနေလည်းစောင်းလာပြီ။ အခြား ဆွေမျိုးမောင်နှမများလည်း အဘိုးအိမ်ရောက်လာကြသည်။ ကလေးအင်အား တောင့်လာသည်။ (အဘိုးတွင် စုစုပေါင်း မြေး ၁၃ ယောက်ရှိသည်။) ထို့ကြောင့် ကလေးများ ခြံထဲထွက်ပြီး ပစ္စည်းဝှက်ရှာတမ်းကစားကြသည်။ အဘိုးမှ ပစ္စည်းတစ်ခုစီကို တစ်နေရာစီဝှက်ထားပြီး ကလေးများက အဖွဲ့ခွဲကာ မြေပုံနှင့် ရှာကြသည်။ ထိုကစားနည်းပြီးလျှင် စိမ်ပြေးလိုက်တမ်း ကစားလိုက ကစားကြသေးသည်။

ညနေစောင်း ကလေးများ ကစားလို့မောလာလျှင်... အဘိုးအိမ်အောက်မှာ အဘိုးပြောလေ့ရှိတဲ့ ဂျပန်ခေတ်က ရှေးဟောင်းနှောင်းဖြစ်များကို နားထောင်ကြပြီး ဧည့်ခန်းကျယ်တွင် တန်းစီအိပ်ကြသည်။

ညဘက်ချိန်ခါ... အိပ်ယာမဝင်မီ.... လူကြီးများကတော့ အဒေါ်ငယ်လုပ်ထားသော ရှမ်းဝက်သားချဉ်ကို မြည်းကြသည်။ အဘွားမသိအောင် လူကြီးများသည် ဝက်သားချဉ် အစိမ်းများစားသည်။ အဘွားသိလျှင် ဝက်သားချဉ်များ ပိုးသေရန် ဆီနှင့်ကြော်လိုက်သောကြောင့် လူကြီးများ မကြိုက်ကြပါ။ ထို့ကြောင့် တိတ်တဆိတ် စားကြသည်။

ခရစ္စမတ်အကြိုနေ့ပြီးဆုံးပါပြီ။

ခရစ္စမတ်နေ့မှာတော့ စားကြသောက်ကြ မိသားစုအချင်းချင်း လက်ဆောင်တွေ အပြန်အလှန်ပေးကြ။ ဆုတောင်းကြ။ အိမ်နီးနားချင်းတွေဆီ လည်ပတ်ကြ။ အားလုံးပျော်ကြသည်။

၂ဝဝ၈ ခရစ္စမတ်အကြိုနေ့....

အဘိုးအိမ်မှာ အဘွားတစ်ယောက်ထဲသာကျန်တော့သည်။ မြေးတစ်သိုက်နဲ့ ကစားနည်းပေါင်းစုံ ဖန်တီးပေးတတ်တဲ့ အဘိုးလည်းမရှိတော့..... နိုင်းနိုင်းလည်းမရှိတော့... အဘွားမှာ ကျွန်မအမေနှင့်သာ ခရစ္စမတ်အချိန်ကုန်ဆုံးမည်ဖြစ်သည်။

ခရစ္စမတ်သစ်ပင်စိုက်ဖို့ ၈၉ တုန်းက ကလေးတွေကလည်း တစ်ယောက်တစ်နေရာစီ...
ပန်းအိုးရှာသူ၊ ဖဲအတူဝှက်ခဲ့တဲ့ အစ်ကိုကလည်း မူးယစ်ဆေးလွန်သောကြောင့် မရှိတော့....
အိမ်ထောင်ကျသူကျ... စားဝတ်နေရေးကြောင့် တိုင်းတစ်ပါးထွက်သူထွက်...
ဆွေမျိုးစုံလင်တွေ့ဖို့မဆိုနှင့်... မိမိ မိသားစုနှင့်တောင် အတူမရှိနိုင်။

အဝေးမှသာ အားလုံးအတွက် ပျော်ရွှင်သောခရစ္စမတ်ဖြစ်ပါစေ။ မိသားစုနှင့် အတူ ရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါသည်။

ကိုယ်ပိုင်မိသားစုလေးရလျှင် ကိုယ်ပိုင်ကလေးများကို ဆွေမျိုးများနှင့် တစ်နှစ်တစ်ခါတော့ တွေ့ဆုံဖြစ်အောင် ကြိုးစားပေးရမည်။

Thursday, 18 December 2008

Bleeding love


Picture: http://en.wikipedia.org/wiki/Dicentra_spectabilis

ငွေလဲလှယ်နှုန်းထားများ

စီးပွားရေးလှုံ့ဆော်မှုကို အဟန့်အတားဖြစ်စေတဲ့နေရာမှာ အမျိုးမျိုးအထွေထွေဖြစ်နေတဲ့ ငွေလဲနှုန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငွေလဲနှုန်းဟာ ၇ မျိုး လောက်ရှိပါတယ်။

၁။ အစိုးရ၏ တရားဝင်ငွေလဲနှုန်း - တစ်ဒေါ်လာ ၆ ကျပ်၊
၂။ ဒေါ်လာနှင့် အက်ဖ်အီးစီ FEC လဲနှုန်း၊
၃။ အက်ဖ်အီးစီ FEC နှင့် မြန်မာငွေလဲနှုန်း၊
၎။ ထုတ်ကုန်မှ ရရှိတဲ့ နိုင်ငံခြားငွေကို သွင်းကုန်လုပ်ရန် ပြန်လည်ဝယ်ယူငွေ Export Earning Money၊
၅။ မြန်မာနိုင်ငံတွင်း ပစ္စည်းဝယ်လျှင် ဒေါ်လာဖြင့် ဝယ်ယူသောနှုန်း၊
၆။ Free Market တွင် လဲလှယ်နှုန်း၊
၇။ ဟွန်ဒီငွေလွှဲနှုန်း (နိုင်ငံခြားမှ တရားဝင်မဟုတ်ငွေလွှဲခြင်း) စသည်ဖြင့် ငွေလွှဲနှုန်း အမျိုးမျိုးရှိပါတယ်။

၁၉၉၈ အကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံတွင်းရောက်ရှိပြီးသားဖြစ်သော နိုင်ငံခြားငွေများ ထွက်နှုန်းလျော့နည်းအောင် ယခင်ခွင့်ပြုထားတဲ့ အခြေခံလိုအပ်သော စားသောက်ကုန်မဟုတ်သော သွင်းကုန်အမျိုးအစားပေါင်း၏ ၈ဝ ရာခိုင်နှုန်းလောက်ကို ကန့်သတ်လိုက်ပါတယ်။ ထုတ်ကုန်ကရတဲ့ငွေကိုလည်း သွင်းကုန်အနေနဲ့ ပြန်လည် အသွင်ပြောင်းလို့ မရတော့ပါ။

Thursday, 11 December 2008

မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

(မှတ်ချက်။ ။ ရေးသားဖော်ပြချက်များသည် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှ မှတ်သားချက်များအပေါ် အခြေခံပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု ဘာသာရပ် လေ့လာနေသော ကျောင်းသူကျောင်းသားများအတွက် စာသင်ခန်းတွင်း ဆွေးနွေးရာတွင် အထောက်အကူပြုစေရန် ပြန်လည် မျှဝေဖော်ပြခြင်းဖြစ်ပါသည်။)

မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် -

၁၉၈၉ ဝန်းကျင်လောက်မှာ မဲခေါင်ဒေသထဲမှ CMLV ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို နှင့် ဗီယက်နမ်တို့ရဲ့ စီးပွားရေး အခြေအနေဟာ အတူတူလောက်ပဲရှိပါတယ်။

မြန်မာနိုင်ငံသည် ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ တံခါးဖွင့်စီးပွားရေးဝါဒ စတင်ကျင့်သုံးခဲ့ပါတယ်။ ယခင်က တိုင်းပြည်တွင်းမှာပဲ စီးပွားရေးလုပ်ကိုင်တဲ့ Close Economy ကနေ Open Economy ဖြစ်လာပါတယ်။ Inward looking မှ outward looking ဖြစ်လာတယ်။ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဥပဒေဟာ ၁၉၈၉ မှာ စတင်ပါတယ်။ ထိုဥပဒေက တကယ်တမ်း ၁၉၅၈ လောက်မှာထဲက ရှိခဲ့ပါတယ်။ ဦးနေဝင်းလက်ထက်မှာတော့ မရှိတော့ပါဘူး။

ထိုအချိန်က ချက်ကိုဆလိုဗက်ကီးယား၊ ပိုလန်၊ ရုရှ အစရှိတဲ့ နိုင်ငံတွေကလည်း စီးပွားရေးမူဝါဒတွေ ပြောင်းလဲလာပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြောင်းလဲလာပုံခြင်း မတူပေမယ့် ခြုံကြည့်ရင် Democratization ဘက်ကို အသွင်ကူးပြောင်းလာကြတယ်လို့ ပြောလို့ရပါတယ်။ ထိုနိုင်ငံများကတော့ စီးပွားရေးလွတ်မြောက်မှုကို နိုင်ငံရေးလွတ်မြောက်မှုမှ တစ်ဆင့်သွားပါတယ်။

ဗီယက်နမ်ရဲ့စီးပွားရေးအသွင်ကူးပြောင်းမှုကိုကြည့်လျှင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးစံနစ် စတင်လုပ်လာတာ အတူတူလောက်ရှိပါတယ်။ အုပ်ချုပ်မှုစံနစ်ကတော့ ဗီယက်နမ်က ကွန်မြူနစ်ဖြစ်ပြီး မြန်မာကတော့ စစ်အစိုးရအုပ်ချုပ်မှုပုံစံနှင့် အုပ်ချုပ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်က အနည်းငယ် ပို၍ပျော့ပြောင်းတဲ့သဘောမှာ ရှိပါတယ်။ ဗီယက်နမ်က ပိုပြီးတိုးတက်လာတာလည်း တွေ့ရပါတယ်။ တစ်ဘက်မှာလည်း တရုတ်နဲ့ မွန်ဂိုလီးယားတို့လည်း အပြိုင်းအရိုင်းတက်လာပါတယ်။
၁၉၉၅ မှာ ဗီယက်နမ်က အာဆီယံဝင်ပြီး မြန်မာက ၁၉၉၇ မှာ အာဆီယံထဲပါလာပါတယ်။ အရင်က အောက်ဆုံးနားရှိတဲ့ ဗီယက်နမ်က ၂ဝဝ၅ မှာ အာဆီယံ ၁ဝ နိုင်ငံရဲ့ အဆင့် ၅ နေရာ စီးပွားရေးအင်အား အကောင်းဆုံးနိုင်ငံဖြစ်လာပါတယ်။

မြန်မာနိုင်ငံကတော့ စာရင်းအင်းလည်း ဖော်ပြခြင်းမရှိသည့်အတွက် ၁၉၉၅ မှ ၂ဝဝ၆ အထိ မြန်မာအစိုးရ စာရင်းအင်းအရ ၁၁ နှစ်တာအတွင်းမှာ ပျမ်းမျှ အဆပေါင်း ၁၁ ဆ တိုးတက်လာတယ်လို့ပြောပေမယ့် တရုတ်သည်ပင်လျှင် ၁၉၇၉ မှစပြီး နှစ် ၃ဝ အတွင်း ၈ ရာခိုင်နှုန်းပဲတက်ပါတယ်။ တိုးတက်မှုကို တရုတ်ပြည်က သက်သေပြနိုင်သော်လည်း မြန်မာနိုင်ငံတွင် တိုးတက်မှုက သက်ပြေပြရန်မရှိဖြစ်နေပါတယ်။

လာအိုဟာ ကုန်းတွင်းပိတ်နိုင်ငံ၊ လူဦးရေက ၅ သန်းလောက်ပဲရှိပါတယ်။ ယခုအချိန် စီးပွားရေးဖွင့်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေကို မှီပြီးတော့ တက်လာပါတယ်။ လာအိုရဲ့ တစ်ဦးကျဝင်ငွေ (Per Capita Income) ဟာ မြန်မာနိုင်ငံထက်များကြောင်း အာဆီယံနဲ့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်မှာ တွေ့နိုင်ပါတယ်။

ဒီနေရာမှာ အနီးအနားက Sanction ထိဖူးတာခြင်းတူတဲ့ ဗီယက်နမ်ကို လေ့လာကြည့်လျှင် - ဗီယက်နမ်မှာ ၁၉၈၉ မှာတုန်းက အမေရိကန် Sanction ရှိပါတယ်။ ၁၉၉၄ မှာတော့ Sanction ကလွတ်ပါတယ်။ မြန်မာနိုင်ငံမှာက အဲဒီကာလမှာ Sanction မရှိပါဘူး။ ဒါပေမယ့် ဗီယက်နမ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အဲဒီကာလမှာ မြန်မာနိုင်ငံထက် ၄.၇ ဆများပါတယ်။ ၁၉၉၄ နောက်ပိုင်း Sanction လွတ်သွားတဲ့ ဗီယက်နမ်က Liberalization ဖြစ်လာပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၈၇ လောက်ကစပြီး စီးပွားရေးလွတ်လပ်မှုရှိလာသော်လည်း ၁၉၉၉ မှာ မတည်ငြိမ်တဲ့ Rules and Regulations တွေ Self-restrictions တွေကြောင့် ပြန်ကျသွားပါတယ်။ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယား ကတော့ ပုံမှန်တိုးတက်လာပါတယ်။

နိုင်ငံခြား Sanction ဟာ မြန်မာနိုင်ငံကို ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိလဲဆိုတာ ဆွေးနွေးတိုင်း အငြင်းပွားလေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။ မြန်မာနိုင်ငံကို ၁၉၉၇ မှာ Sanction ရောက်ပါတယ်။
တချို့ကလည်း Sanction က အောက်ခြေလူတန်းစားကို အထိဆုံးဖြစ်တယ်။ တချို့ကလည်း Sanction ကမရှိတာထက်စာရင် ရှိတာ အစိုးရကို အနည်းကျဉ်း ထိခိုက်တယ် တချို့ကလည်း အစိုးရကတော့ ဘယ် Sanction ပဲဖြစ်ဖြစ် မာမာကတော့ မာမာပဲ ဘာမှမထူးဘူး စသည်ဖြင့် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တကယ်တမ်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် (စစ်အစိုးရလုပ်ငန်းရှင်များကို မဆိုလိုပါ) စီးပွားရေးလွတ်လပ်ခွင့် မရှိလှပါဘူး။ နောက်တစ်ချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း တံခါးသာဖွင့်ပေးလိုက်ပါတယ် တည်ငြိမ်မှုမရှိတဲ့ လုပ်ထုံးဥပဒေများကြောင့် အလုပ်မဖြစ်ပါဘူး။ (ရှမ်းအက ကနေသလိုပါပဲ ရှေ့တစ်လှမ်း နောက်နှစ်လှမ်း လှမ်းနေပါတယ်)။ အဓိကကတော့ Trade Sector မှာပါ။ ဒီလိုဆိုတော့ External Sanction ရှိလို့ ထိခိုက်တာ မထိခိုက်တာတစ်ပိုင်း Internal Sanction (self-impose sanction) မိမိစီးပွားရေးကို မိမိဘာသာ ကန့်သတ်ချုပ်ချယ်မှုကြောင့် စီးပွားရေးလှုံ့ဆော်မှု အားနည်းသည်ကတော့ မငြင်းနိုင်ပါ။

သုံးသပ်ကြည့်လျှင် အတွင်း Sanction အပြင် Sanction များကြောင့် အစိုးရနာသည်မထင်။ စီးပွားရေး ဘူဇွာကြီးများ ထိသည်ထားဦးတော့ ဆင်ပိန်ကျွဲမျှသာ။ တိုင်းပြည်စီးပွားရေး မကောင်းသည့်အတွက် အောက်ခြေကို တစ်ရစ်ရစ်ထိုးဆင်းတယ်ဆိုတော့ အလုပ်အကိုင်မဲ့တာတွေ စားသောက်စားရိတ်တက်လာတာတွေကြောင့် တောင်းရမ်းစားသောက်သူတွေများလာမယ်။ အောက်ခြေလူထု ပို၍အထိနာမယ်လို့ ယူဆပါတယ်။

အစိုးရ ဘတ်ဂျက်သုံးငွေ စာရင်း

အင်္ဂလိပ်ခေတ်မှသည် ဆိုရှယ်လစ်ခေတ်အထိ အစိုးရဘတ်ဂျက်သုံးငွေစာရင်းကို နှစ်တစ်နှစ်ရဲ့ မတ်လ ၃ဝ ရက်နေ့မှာ ဖော်ပြပါတယ်။ ၁၉၉၇ နောက်ပိုင်းမှစ၍ ထိုစာရင်းကို မဖော်ပြတော့ပါ။ အစိုးရသုံးငွေဆိုတာ ပြည်သူအတွက် ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် အသုံးစားရိတ်များကို ဖော်ပြခြင်းဖြစ်ပါတယ်။ ၁၉၉၇ စာရင်းအရ စစ်အသုံးစားရိတ်ဟာ ဘတ်ဂျက်စုစုပေါင်းရဲ့ ၂၉ - ၃ဝ ရာခိုင်နှုန်းလောက်ရှိပါတယ်။ မြန်မာပြည် စီးပွားရေးပညာရှင်များညွှန်ပြသည်မှာ စစ်အသုံးစားရိတ်တွက်လျှင် တွက်ပုံတွက်နည်း ၂ မျိုး Hardware နှင့် Software ဆို ရှိပါတယ်။ Hardware သုံးငွေဟာ နိုင်ငံခြားမှ လက်နက်၊ ခဲယမ်း ဝယ်သည်ကို ဆိုလိုသည်ဖြစ်ပြီး Software ကတော့ စစ်တပ်ဝန်ထမ်းများအား လစာပေးမှု၊ ပြည်တွင်းထုတ် စစ်အကျီ င်္၊ အသုံးအဆောင် ပစ္စည်းများ စသည်ကို ဆိုလိုပါသည်။ ဤအခြေအနေတွင် ပညာရှင်အများစုက နိုင်ငံခြားမှ ဝယ်ယူသည့် Hardware သုံးငွေအား မြန်မာအစိုးရ၏ တရားဝင်ငွေလဲနှုန်း တစ်ဒေါ်လာ ၆ ကျပ်နှင့် တွက်သည်ဟု ယူဆပါသည်။ ၁၉၉၇ တွင် UNDP ၏ ထုတ်ပြန်ချက်အရမှာ အစိုးရ၏ စစ်အသုံးစားရိတ်သည် လူမှုရေး၊ ကျန်းမာရေး အသုံးစားရိတ်ထက် ၂၂၂ ရာခိုင်နှုန်းမြင့်တယ်လို့ ဖော်ပြထားပါတယ်။